Events
Singapore Specialty Coffee Online Auction 2020
Updated At: 2020-07-27 04:57:14
“Singapore Specialty Coffee Online Auction 2020” ကော်ဖီလေလံပွဲကို စင်ကာပူကော်ဖီအသင်း (Singapore Coffee Association – SCA) က၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် အွန်လိုင်း (Zoom) ဖြင့် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း စင်္ကာပူနိုင်ငံရှိ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသံရုံးမှ အကြောင်းကြားလာပါသည်။
အဆိုပါလေလံပွဲတွင် စိတ်ပါဝင်စားသော ကော်ဖီစိုက်ပျိုးထုတ်လုပ်တင်ပို့သူများအနေဖြင့် ပါဝင်ပြသခြင်းအတွက် အခကြေးငွေပေးသွင်းရန် မလိုအပ်ဘဲ လျှောက်လွှာတင်သွင်းနိုင်ပြီး၊ ကော်ဖီစေ့အစိမ်း(၃၃) ကီလိုဂရမ်ကို စင်ကာပူကော်ဖီအသင်း (Singapore Coffee Association – SCA) သို့ သတ်မှတ်ရက်များအတိုင်း ပေးပို့ရမည်ဖြစ်ပါသည်။ နမူနာကော်ဖီစေ့အစိမ်း(၃)ကီလိုဂရမ်အား လှော်ခြင်း၊ အရည်အသွေး အဆင့်အတန်းသတ်မှတ်ခြင်း၊ ကော်ဖီအရသာမြည်းစမ်းခြင်းနှင့် အမှတ် ပေးခြင်းတို့ကို ပြုလုပ်နိုင်ရန်အတွက် ၉-၈-၂၀၂၀ ရက်နေ့တွင်လည်းကောင်း၊ လေလံပွဲတွင် ရောင်းချ ရန်အတွက် ကော်ဖီအစေ့အစိမ်း(၃၀)ကီလိုဂရမ်ကို ၆-၉-၂၀၂၀ ရက်နေ့တွင် အရောက်ပေးပို့ရမည်ဖြစ် ပါသည်။ လေလံတင်ရောင်းချရငွေများကို စင်္ကာပူကော်ဖီအသင်းကသာ ကုန်ကျစရိတ်ကာမိစေရန် အတွက် အသုံးပြုသွားမည်ဖြစ်ပြီး လေလံပွဲတွင် ကော်ဖီအတွဲပေါင်း (၄၀)တွဲအထိသာ လေလံတင် ရောင်းချသွားရန် သတ်မှတ်ထားသဖြင့် ကော်ဖီစိုက်ပျိုးထုတ်လုပ်သော နိုင်ငံတစ်နိုင်ငံမှ(၄)တွဲအထိ သာ ပါဝင်ပြသနိုင်ကြောင်းနှင့် အဆိုပါလေလံပွဲသို့ နိုင်ငံတကာမှ လေလံဆွဲသူ (ဝယ်သူ) ၂၀၀ ခန့်ကို ဖိတ်ကြားထားပါသည်။မြန်မာနိုင်ငံမှ ကော်ဖီစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအနေဖြင့် မိမိ၏ ကုန်ပစ္စည်းအရည်အသွေးအား ကြော်ငြာဈေးကွက်တိုးချဲ့ရှာဖွေနိုင်ပြီး၊ ပါဝင်ပြသမည်ဆိုပါက ပူးတွဲပါလျှောက်လွှာများတွင် ပြည့်စုံစွာဖြည့်စွက်၍ Amanda Ng (Ms.), Executive Secretary, Singapore Coffee Associtaion, 18 Sin Ming Lane, #02-08, Midview City, Singapore 573960, Website: www.singaporecoffee.org, Tel: + 65 6977 9857 သို့ ဆက်သွယ်ပေးပို့နိုင်ပါကြောင်း အသိပေးပါသည်။
More Events
Sri Lanka EXPO 2026 ပြပွဲ ကျင်းပပြုလုပ်မည်
Date: 18th to 21st June, 2026
The 21st Malaysia International Halal Showcase 2025 ပြပွဲ ကျင်းပမည်
Date: 17th to 20th September, 2025
ASEAN-Korea Startup Innovation Week 2025 ပြပွဲ ကျင်းပမည်
Date: 20th to 24th October, 2025